Popular Posts

Monday, April 19, 2010

တမ်းတမှု့လေးများ

မင်းကို မျှော်လင့်နေရတာက ကိုယ့်အတွက်တော့ ပူလောင်မှု့တခုလိုပဲကွာ။
အခုလိုမျိုးကြာကြာခွဲနေနိုင်တာကို အရမ်းအံသြမိတယ်။ မင်းဆီကနေ "ကို့ကို အရမ်းလွမ်းနေပြီ ပြန်လာပါတော့ ကိုရယ်" ဆိုတဲ့ စကားလေးတခွန်းကို အရမ်းကြားချင်နေခဲ့တာ။
လွမ်းဆွက်မှု့ ပြင်းထန်လာတဲ့အခါ ဆောက်တည်ရာမရ ဖြစ်ခဲ့ရတယ်။ အဲ့ဒါတွေက မင်းရဲ့အချစ်ဆိပ်တွေသင့်နေခဲ့တာ။
အရာရာမင်းအတွက်လို့စဉ်းစားခဲ့ရတဲ့ ငါ့ဘဝမှာ ပျော်ရွှင်မှု့က တဒဂ်လေးပါကွယ်။

No comments:

Post a Comment