Popular Posts

Monday, July 26, 2010

အလွမ်းများ

ငါလေအခုအချိန်ထိတိုင်အောင်မင်းမျက်ဝန်းတွေကိုသတိရနေတယ်
ငါအခုမင်းကိုသတိရနေတယ် ဆွေရယ်
လိုတိုင်းရနိုင်ရင် မင်းကိုအနားမှာရှိစေချင်တယ်လေ
မင်းကိုသတိရတယ်
အလွမ်းတွေနဲ့ ကို့ကိုထားရစ်ခဲ့သူရယ်
ငါ့အလွမ်းတွေကို မင်းမှမသိနိုင်ပဲ

Saturday, July 24, 2010

ဆွေ.....

ငါ့ကိုနားလည်ပေးပါဆွေရယ်
ငါလေ မင်းကိုငါ့လိုပင်ပမ်းမှု့
အထီးကျန်တဲ့ခံစားချက်
ခြောက်သွေ့လွန်းတဲ့ဘဝခရီးတွေထဲကို
မလျှောက်လှမ်းစေချင်ဘူးလေ
မင်းသာပျော်ရွှင်စေနိုင်မယ်ဆိုရင်
ငါ့ရဲ့ရင်းနှီးမှု့တွေက
အလဟသမဖြစ်နိုင်ပါဘူး
မင်းကိုချစ်တာတခုပဲသိတဲ့ငါ့စိတ်မှာ
မင်းအတွက်နဲ့ ခရီးရှည်တွေဖြတ်သန်းနေရဦးမယ်ဆိုတာ
ငါ့ကိုငါ သိရှိနားလည်နိုင်ခဲ့တယ်
မင်းကိုချစ်တာ အရာရာထက်ပိုပါတယ်
မင်းနဲ့ဆုံဆည်းခဲ့တဲ့အချိန်တွေက
ငါ့အတွက်တိုတောင်းမှန်းသိပေမယ်
ငါဟာ အဲ့ဒါကိုပဲကျေနပ်စွာ
ဖြေသိမ့်နေနိုင်မှာပါ
မိသားစုနဲ့ခွဲခွာနေတဲ့ငါ့အတွက်
ဆုံနိုင်ချိန်မရေရာတဲ့အခြေအနေတခုအတွင်းမှာ
မင်းကိုအရာရာ နားလည်စေချင်တယ်
အဲ့ဒါတွေဟာ
မင်းကိုအရမ်းချစ်ခဲ့တဲ့ငါ့ရဲ့
မှန်ကန်တဲ့မေတ္တာတရားတွေပဲဆိုတာ
နားလည်ပေးထားပါ
မင်းကိုအရမ်းချစ်တယ်ဆွေရယ်
တကယ်ပါကွာ.....

Friday, July 23, 2010

သိစေချင်တယ်

ငါက ငါ့ရဲ့ခံစားချက်ကိုဖုံးကွယ်
ဆန္ဒကိုမျိုသိပ်လို့ ရပ်ဝေးနေရာ
တိုင်းတပါးမှာ ငွေရှာနေတာ
အားလုံးမင်းအတွက်ကြောင့်ပါ။
ကန္တာရထဲ ခရီးသွားနေရသလို
မိသားစုနဲ့ ခွဲခွာနေရတဲ့ ခံစားချက်က
ငါ့အတွက်တော့ အရမ်းပြင်းတဲ့အဆိပ်ကို
နည်းနည်းချင်းသောက်နေရသလိုမျိုးပါပဲ။
ငါ့ရဲ့ဆန္ဒထက် မိသားစုအပေါ်
ပြည့်စုံစေချင်တဲ့ဆန္ဒက အရာရာကို
အနိုင်ယူသွားခဲ့တယ်လေ။
ငါဖြတ်သန်းနေရတဲ့ ခါးသည်းတဲ့နေရက်တွေလိုမျိုး
မင်းကိုမဖြတ်သန်းစေချင်တာ
မင်းကိုငါ့လိုမခံစားစေချင်လို့ပါ။
မမျှော်လင့်ပဲ ငါ့ထံကနေမင်းကြားလိုက်တဲ့
ရင့်သည်းတဲ့စကားတွေဟာ
တကယ်တမ်း ရင်ထဲကလာတာမဟုက်ပါဘူး
ဒါတွေကို မင်းကနားလည်လိမ့်မှာမဟုက်ဘူး
ရင်ထဲကို မင်းမှ အခုအချိန်အထိနားမလည်နိုင်ခဲ့တာပဲ
နောက်ဆုံးထွက်သက်အထိ မင်းအတွက်ဖြစ်သွားမှာပါ
မင်းကို ပူပင်၊သောက၊စိတ်ဆင်းရဲမှု့တွေကို မပေးချင်ဘူးလေ
အဲ့ဒါငါ့ရဲ့ စိတ်ရင်းအမှန်ပါကွာ.....

Sunday, July 18, 2010

ဝန်ခံချက်များ

ကျွန်တော်ဒီစာသားကိုစရေးတဲ့အချိန်မှာ ကျွန်တော်ရဲ့နှလုံးသားထဲမှာ နစ်နစ်ဝင်နေတဲ့ဆူးတချောင်းကြောင့်ပါပဲ။
ကျွန်တော်လေ သူ့အတွက်သိပ်ခံစားခဲ့ရတယ်။ကျွန်တော့်ကို ကျွန်တော်မယုံနိုင်လောက်အောင်ပါဘဲ။ရှင်ခွဲကွဲနေယုံနဲ့ ဒီလောက်ခံစားနေရရင် သေခွဲများခွဲရတော့မယ်ဆိုရင် ကျွန်တော်နှလုံးရပ်သွားနိုင်လောက်တယ်လေ။သူဖြစ်ချင်တာလေးတွေကို ဖြည့်ဆည်းပေးချင်မိခဲ့တယ်။သူ့ကို ဘာပီကြု(အသားကင်)လုပ်ကျွေးချင်လို့ ပစ္စည်းလေးတွေဝယ်ထားပြီးမကြာခင်မှာပဲ သူမြန်မာပြည်ကိုပြန်သွားခဲ့ရတယ်။သူနဲ့သွားခဲ့တဲ့နေရာရောက်တိုင်း သူ့ကိုသတိရခဲ့တယ်။ရေခဲမုန့်တွေ့တိုင်းလည်း သတိရတယ်ဗျာ။တခြားတဖက်ကတွေးကြည့်ရင် ကျွန်တော်ပျော်တယ်။ဘာကြောင့်လဲဆိုတော့ သူကိုစိတ်ညစ်စေတဲ့အရာတွေနဲ့ ဝေးသွားလို့လေ။သူ့အတွက်နဲ့ အဝေးမှာနေပြီး ကျွန်တော့သူ့ရဲ့လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းရင်းနဲ့ ပေးဆပ်နေတော့မှာပါ။
သူအတွက်မျက်ရည်တွေကျခဲ့ရတာတောင် တော်တော်အံသြမိတယ်။
ငါလေသိပ်ချစ်နေခဲပြီလေ။မင်းပျော်ရွှင်စေဖို့ ကိုကြိုးစားသွားမှာပါကွာ....

Friday, July 16, 2010

အမှတ်တရလေးများ




တဒဂ်လေးနဲ့ ပျောက်ဆုံးသွားတဲ့ အိမ်မက်များ

မထင်မှတ်တဲ့အချိန်တိုအတွင်း မင်းရောက်လာခဲ့ပြီး
မကြာခင်အချိန်ခဏမှာပဲ ပျောက်ကွယ်သွားရတယ်
မင်းက လွယ်လွယ်နဲ့ ပျောက်သွားနိုင်ပေမယ့်
ငါ့ရင်ထဲ ငါ့မျက်ဝန်း ငါ့အလွမ်းတွေက
အမြဲပဲကြွင်းကျန်နေဆဲပဲဆိုတာ
ချစ်သူသိစေချင်တယ်ကွာ....
ရောက်ခဲ့ဖူးတဲ့ နေရာတိုင်း
ပြောခဲ့ဖူးတဲ့အကြောင်းလေးတွေ
ပြီးတော့ မင်းရဲ့အကြင်နာလေးတွေ
ကိုဘယ်လို မေ့နိုင်မှာလဲကွာ
ပြီးတော့ အတူစီးခဲ့တဲ့ စက်ဘီးရဲ့နောက်ခုံမှာ
နေရာလွက်ကလေးကိုတွေ့လိုက်တိုင်း
အတိုင်းမသိကြေကွဲရပါတယ် ချစ်သူရယ်
အတူနေခဲ့တဲ့ အခန်းလေးထဲမှာ
မင်းရဲ့ပုံရိပ်တွေက ကို့ကိုသတိရမှု့တွေကို
ဖော်ဆောင်နေဆဲပဲလေ
ကိုလေ တောင်းဆိုချင်တယ်
မင်းရဲ့အနားမှာပဲနေချင်တယ်
တင်းထားခဲ့တဲ့ ကို့စိတ်တွေက
နောက်ဆုံးအချိန်တိုင်ခဲ့ပြီလေ
ကိုဘယ်လောက်ကြာကြာ ဖြတ်သန်းရဦးမှာလဲ
မင်းကိုလွမ်းတဲ့စိတ်နဲ့ ငိုကြွေးနေရတဲ့ အချိန်တွေကို
ဘယ်လောက်ကြာကြာဖြတ်သန်းနေရမှာလဲ
လောကမှာ ကံအဆိုးဆုံးက
ကိုဖြစ်မယ်ထင်တယ်
မင်းထားရစ်ခဲ့တဲ့ သတိရစရာတွေက
ကိုအတွက်တော့ အိမ်မက်ဆိုးတွေပါပဲ
အရာရာထက် ပိုချစ်ခဲ့တဲ့မင်းတယောက်အတွက်
ကိုကျေနပ်စွာ ခံယူပါ့မယ်
မင်းကိုချစ်ခဲ့တာ အရာရာထက်ပိုတယ်ဆိုတာ
မင်းလေးနားလည်နိုင်ရင်
ကိုကျေနပ်ပါပြီ ချစ်သူရယ်.....

Tuesday, July 6, 2010

လွဲမှားတဲ့အတွေး

ဘဝဆိုတာ တခါတလေ
နာကျည်းမှု့တွေနဲ့
ထုဆစ်ထားသလိုနဲ့
တခါတလေ
သံယောဇဉ်တွေနဲ့
ရစ်ပတ်ထားတက်တယ်
နောက်ဆုံးဆိုတဲ့
ဇာတ်သိမ်းပိုင်းကို
မင်းနဲ့ငါ့ကြားမှာ
မကြုံစေချင်ဘူး
ငါ့ကြောင့် မင်းမျက်ရည်မဆုံးရှုံးစေချင်သလို
မင်းကြောင့်လဲ ငါ့မှာ ပူဆွေးမှု့တွေကို
မပိုင်ဆိုင်ချင်ဘူး
အတ္တဆန်တဲ့ ငါ့အတွေးတွေကြောင့်
အိမ်မက်တစ္ဆေနွံထဲမှာ
ခုချိန်ထိတိုင်အောင်
ရုန်းမထွက်နိုင်သေးပါဘူးကွာ.....

Friday, July 2, 2010

တောင်းဆိုမှု့လေးတခု

မင်းပျော်နေရင် ကိုလဲ ပျော်တယ်
မင်းစိတ်ညစ်နေရင် မင်းနဲ့ထပ်တူပါပဲ
ကိုက စစ်သူကြီးဆိုရင်
မင်းက ကို့အတွက်တော့ လက်နက်တခုပါပဲ
မင်းက စစ်သူကြီးဆိုရင်လည်း
မင်းအတွက် ဒိုင်းအဖြစ်နဲ့ပေါ့
ကိုရဲ့ရှင်သန်မှု့က မင်းရဲ့အသက်နဲ့ပါ
မင်းရဲ့နှလုံးခုန်သံနဲ့အတူ
ကို့ဘဝက ရှင်သန်နေရတာပါ
မင်းကြောင့် ကိုပျော်ရွှင်ခဲ့ရသလို
မင်းကြောင့်ပဲ ကိုဝမ်းနည်းခဲ့ရတယ်
မင်းနဲ့တည်ဆောက်ခဲ့တဲ့ ကိုဘဝလေးက
မင်းနဲ့မှ ပြည့်စုံတာပါ
မင်းကို ချစ်တယ်လို့ ပြောဆိုတာထက်
နှိုင်းဆမရအောင် ချစ်တယ်ဆိုတာ
ကို့နှလုံးသားကို သက်သေခံပြီး
ဝန်ခံပါတယ်....
မင်းမရှိလို့ မဖြစ်တဲ့ ဘဝမှာ
မင်းရှိနေမှ ဖြစ်မယ်ဆိုတာ
မင်းသိထားပေးပါကွာ..........