ပေးဆပ်ခြင်းအချစ်ပုံပြင်by မြှားနတ်မောင် on Tuesday, November 23, 2010 at 5:03pmသမီးရည်စားအတွဲတစ်တွဲမှာ
ကောင်မလေးက ကောင်လေးကို ဘယ်အရာရာမဆို ကောင်မလေးချည်းပဲ
ဦးဆောင်နေသလိုဖြစ်နေခဲ့တယ်။ ဒါကိုကောင်မလေးသဘောမကျဖြစ်နေတာ…. တစ်ရက်တော့
သူတို့ နှစ်ယောက်ပင်လယ်ပြင်ကို အပျော်စီးသင်္ဘောနှင့် အလည်သွားချိန်မှာ
သင်္ဘောမှောက်သွားတယ်။ ကံကောင်းထောက်မစွာနှင့် ပျဉ်ပြားတစ်ချပ် သူတို့
ရေပေါ်မှာမျောနေကြတယ်။ “နင်ကြောက်နေလား” ကောင်မလေးမေးတော့ “ ဓါးသေးသေးလေးကို
ထုတ်လာပြီး “ကြောက်ပါဘူး၊ ငါးမန်းတွေလာရင်ငါဒီဓါးနဲ့ ထိုးလိုက်မယ်”
လို့ပြောတော့ ကောင်မလေးက ခေါင်းလေးခါပြီး ရီတယ်…….. သိပ်မကြာခင်မှာပဲ
သင်္ဘောတစ်စင်းလည်း သူတို့ မျောလာနေတာကို တွေ့တယ်…ပြီးတော့ တစ်ဖက်မှာ
ငါးမန်းတွေလည်းလာနေတယ်…. ကောင်မလေးက “ငါတို့ အစွမ်းကုန်ကူးခက်ကြရအောင်”
အဲဒီအချိန်မှာ ကောင်လေးဟာ ကောင်မလေးကို ပျဉ်ပြားပေါ်ကတွန်းချလိုက်ပြီး
တစ်ယောက်တည်း ကူးသွားတယ်…. “ဒီတစ်ခါငါအရင်ကူးမယ်ဆိုပြီး” ထွက်သွားတယ်….
ကောင်မလေးမှာ ပြောမတတ်လောက်အောင် အ ပြီးကျန်ခဲ့တယ်….. ကောင်လေးဟာ
ငါးမန်းတွေဝန်းရံနေတဲ့ကြားမှာ ကူးခက်ရင်း “ငါနင့်ကို အရမ်းချစ်တယ်”
လို့ဆိုကာပင်လယ်ထဲ မှာပျောက်ကွယ်သွားတယ်….. သင်္ဘောသားတွေ က
ထိုအချိန်မှာ ကောင်မလေးကို ကယ်တင်လိုက်တယ်…. သင်္ဘောcaptain က “ကောင်မလေး၊
သူဟာ ငါတွေ့ ဖူးတဲ့လူတွေထဲမှာ အရဲရင့်ဆုံးပဲ သူ့အတွက်ဆုတောင်းပေးကြရအောင်”
“မဟုတ်ဘူး၊ သူကငကြောက်” လို့ ကောင်မလေးကဆိုတော့ သင်္ဘောcaptain က “ဟာ
..........ဘာလို့လဲ၊ နင်တို့ကို ကယ်မလို့ အဝေးကြည့်မှန်ပြောင်းနဲ့
ကြည့်နေတာ၊ ထင်ထင်ရှားရှားပဲ နင့်ကိုတွန်းထုတ်လိုက်ပြီး သူ့လက်ကိုသူ ဓါးနဲ့
ဒဏ်ရာရအောင်လုပ်လိုက်တယ်…. ငါးမန်းဆိုတာ သွေးညှိနှံ့ကို ချက်ခြင်းသိတာ…
နင်ကိုကယ်ဖို့အချိန်ရအောင်ပါ…. သူသာဒီလိုမလုပ်ရင် နင်လည်း
ဒီသင်္ဘောပေါ်မှာရောက်လာမှာမဟုတ်ဘူး………. ကောင်မလေး ငိုင်သွားတယ်။တစ်ကိုယ်လုံးတုန်ရီနေတယ်။ သူအထင်မကြီးခဲ့တဲ့ သူ့ချစ်သူကသူ့အပေါ်မှာ အနစ်နာခံချစ်ပြခဲ့တယ်လေကောင်မလေး ငိုကျလိုက်တယ်။ပြီးတော့ တိုးတိုးလေးပြောလိုက်တယ် "ငါလည်းနင့်ကိုအရမ်းချစ်ပါတယ်ဟာ" ...... လူတိုင်းလူတိုင်း အချစ်အတွက်ဆိုအားလုံးကိုပေးဆပ်ရဲကြပါတယ်။ ဖော်ထုတ်မပြတာ ပဲံရှိတာပါ.
No comments:
Post a Comment