"ဝုန်း"ခနဲ လဲပြိုကျသံနဲ့ကို ကျွန်တော်၏ဘေးမှာ ရုတ်တရက်ကြားလိုက်ရတော့ ဘေးကိုကြည့်လိုက်မိတယ်။မြင်လိုက်တာက ကောင်မလေးတယောက် လဲကျနေတယ်လေ။ တခြားလူတွေကိုလဲ မတွေ့ရဘူး။ အဆောင်ရဲ့ လှေကား အလယ်တည့်၂မှာ ဖြစ်တာကြောင့် ကျွန်တော်လဲ ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိပဲ ထူပူသွားတယ်။ သူ့ကို မေးကြည့်တော့ " ဟို ..မတ်တပ်ရပ်နိုင်ရဲ့လား" ဆိုတော့ ကြိုးစားပြီးရပ်ကြည့်ရှာတယ်။ မရပါဘူးဗျာ။ဘယ်ဖက်ခြေထောက်မှာက အရိုးကြီးတောင် ငေါ်ထွက်နေတယ်လေ။
အဲ့ဒါနဲ့ သူ့ကိုတွဲပြီး ကျောင်းကားတွေဆီလိုက်ပို့ခဲ့ ရတယ်။နောက်နေ့ရောက်တော့ ရှာကြည့်မိတယ်။
မတွေ့ရဘူး။မေးကြည့်တော့ ကျောင်းမတက်နိုင်သေးဘူးတဲ့။ဘာရယ်မဟုက်ပါပဲ သူမအတွက်ကျွန်တော်စိတ်ပူနေမိတယ်။ကျွန်တော့်ရဲ့မျက်ဝန်းထဲကနေ သူမက အမြဲရှိနေတော့တယ်။နောက်နေ့တွေတွေ့တော့ စိုးရိမ်တကြီး မေးမိတာပေါ့။သက်သာတယ်ကြားရတော့ အလိုလိုစိတ်အေးသွားမိတယ်။အတန်းထဲရောက်တော့လဲ သူ့ကိုပဲရှာနေမိတယ်။သူကရန်ကုန်သူ ကျွန်တော်က နယ်က။ရန်ကုန်သူတွေကိုတော့ကြောက်တယ်လေ။ အဲ့ဒီအချိန်မှာ ဘူမိကကောင်မလေးနဲ့က ရီးစားဖြစ်နေသေးတယ် ဟဲဟဲ။ မချစ်ဘူးလို့ပြောရင် အားနားတယ်ဗျာ။သူက ကျွန်တော်ရဲ့အနွံအတာကို အရမ်းခံတယ်လေ။ကျွန်တော်က ဂရုစိုက်မှု့ကိုခံချင်တဲ့လူဆိုတော့ ရီစားဖြစ်လုက်တာ။အမှန်ပြောရရင် ဘာခံစားချက်မှကိုမရှိတာ။ အဲမေ့နေတယ်။ချော်လဲတဲ့ကောင်မလေးက ဆွေလို့ခေါ်တယ်လေ။
ပထမနှစ် ပထမနှစ်ဝက်မှာ စာမေးပွဲတွေကျတယ်ဗျာ။လေလွင်နေလို့လေ။အဲ့ဒီ့မှာတင် ကျွန်တော်ရဲ့နတ်သမီးလေးက ကျွန်တော်ကို စာပြပေးတော့တယ်။စာပြပေးနေချိန်မှာလဲ သူ့မျက်နှာလေးကိုခိုးကြည့်မိတယ်။သူနဲ့ကိုယ်က ဘာမှမဆိုင်ဘဲကိုးဗျ။သူ့ရဲ့ဂရုစိုက်မှု့တွေက ကျွန်တော့်နှလုံးသားကို ရိုက်ခက်လာခဲ့တယ်။သူ့ရဲ့ကျေးဇူးကြောင့် စာမေးပွဲတွေကိုအောင်မြင်စွာနဲ့ဖြတ်ကျော်လာနိုင်ခဲ့တယ်။သူနဲ့တွေပြီး လမ်းခွဲခဲ့စဉ်တိုင်းမှာ သူနဲ့ထပ်မံတွေ့ဆုံချင်တဲ့စိတ်တွေ ဖြစ်ပေါ်စေတယ်လေ။သူ့ကိုချစ်နေပြီဆိုတာ ကို့ကိုယ်ကို သိလိုက်ရချိန်မှာတော့ ဆုံးဖြတ်ချက်တခုကို ပြတ်၂သား၂ချလိုက်တော့တယ်။ဘူမိကကောင်မလေးကို အဆက်အသွယ်ဖြတ်ဖို့ပေါ့။ကျွန်တော်အဲ့ကောင်မလေးကိုလဲ ဆက်မညာချင်တော့ဘူး။ကျွန်တော့်ကိုယ် ကျွန်တော်လဲ မညာချင်တော့လို့လေ။ကျွန်တော် ဆွေ့ကိုဖွင့်ပြောဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့တယ်။ဆွေရဲ့ ငြင်းပယ်ခံရတဲ့ လူလဲမဖြစ်ချင်ဘူးလေ။နောက်ပြီး သူက ကျွန်တော့်ကို ချစ်မချစ်မှမသိတာ။ကြံရာမရတဲ့အဆုံးမှာ စာလေးနှစ်စောင်ရေးပြီး စာအုပ်ကြားထဲညှပ်ထားလိုက်တယ်။ကျောင်းရောက်တော့ ရင်တွေတုန်နေတယ်လေ။တကယ်ပြောတာ။ထိုင်နေကျ သီအေတာ တူးမှာစောင့်နေမိတယ်။ဟော့ သူရောက်လာတယ်။ မိန်းခလေးအများစုက မသိစေချင်တဲ့အရာတခုကို သိပ်သိချင်တက်မှန်း ကျွန်တော်လေ့လာဖူးတယ်။စာရွက်ခေါက်လေးကို သူမြင်သာအောင်ကျသွားအောင်လုပ်လိုက်တော့ ထင်ထားတဲ့အတိုင်းလုဖတ်ပါလေရော။ ရင်ခုန်လိုက်တာဗျာ။သူနဲ့မျက်နှချင်းကိုမဆိုင်ရဲတော့ဘူး။တခြားတဖက်ကိုပြေးထွက်ခဲ့တယ်။သူငယ်ချင်းတွေရောက်လာတော့ မေးကြတယ် သူတို့က ဘာဖြစ်တာလဲတဲ့။ကျွန်တော်လဲ အမှန်အတိုင်းပဲ စာပေးလိုက်တယ်လို့ပြောတော့ သူတို့တွေက ဝိုင်းလှော်ပေးကြပါတယ်။ဒီလိုနဲ့ပဲ သီရေတာ ဝမ်းထဲမှာ အတန်းပြီးတော့ ကျောင်းသားတော်တော်များများထွက်သွားပြီးတဲ့အချိန်မှာ သူကထွက်မသွားသေးဘူး။ကျွန်တော်က သူ့နောက်ခုံမှာ ထိုင်နေတာလေ နှစ်ခုံကျော်လောက်မှာပေါ့။နောင်ဆုံး ကျွန်တော်က ဘယ်မှမသွားဖူးလားလို့မေးတော့ထိုင်ဦးမယ်လို့ပြောတယ်။ ကျွန်တော်လဲ ဆေးလိပ်တွေတလိပ်ပြီးတလိပ် သောက်နေမိတယ်။သူကပြောတယ်။မီးခိုးခေါင်းတိုင်ကြနေတာပဲတဲ့။ဖတ်လက်စနဲ့ ကျန်တဲ့တစောင်ဘယ်မှာလဲ မေးတော့ ကျွန်တော်လေ တော်တော်ဝမ်းသာသွားတယ်။မျှော်လင့်ချက်ရှိပြီဆိုတာသိလိုက်ရတော့။
ဒီလိုနဲ့ပဲ အချိန်တွေကုန်လာတာ သူ့ဆီကအဖြေပြန်ရတဲ့နေ့လေးကိုရောက်လာခဲ့တယ်။အတန်းချိန်ပြီးတော့ စာသင်ခန်းတခန်းမှာ သူနဲ့ကျွန်တော်သွားထိုင်ရင် ကျွန်တော့်ရဲ့လက်ဖဝါးမှာ ချစ်တယ်လို့စာရေးပေးတယ်ဗျာ။ပျော်လိုက်တာ။ အဲ့ဒီလိုနဲ့ပဲ ကျွန်တော်တို့တွေချစ်သူဘဝရောက်ခဲ့တယ်။ ကျောင်းရောက်ရင် ချစ်သူကိုမျှော်ရတဲ့ တာဝန်ကိုယူခဲ့ပြီး အိမ်ပြန်ချိန်ရောက်တော့ အလွမ်းတွေနဲ့ခွဲခွာရပြန်တယ်လေ။သူနဲ့မခွဲခွာနိုင်လောက်အောင်ချစ်မိနေပြီဆိုတာ သိလိုက်ချိန်မှာတော့ သူ့လက်ကိုဆွဲပြီး ကမ္ဘာလေးတခုတည်ဆောက်ခဲ့တယ်။ ချစ်သူဆွေက နားလည်မှု့တွေနဲ့ တောင်းဆိုမှု့တစိုးတစဉ်မှ မရှိပဲ အေးအတူပူအမျှ နေထိုင်လာခဲ့တာ ။ဒီလိုနဲ့ ပဲနိုင်ငံခြားကိုသွားမယ်လို့ဆုံးဖြတ်ချက်ချပြီး သင်တန်းတွေကျွန်တော်တက်ခဲ့တယ်။ကျွန်တော်တို့ ဆည်လည်းလေးတခုအကြောင်းတိုင်ပင်ခဲ့တယ်။ချစ်သူဆွေက ချစ်စရာအကောင်းဆုံး ဆည်းလည်းလေးကို ကျွန်တော်အတွက်ကြိုးစားခဲ့တယ်။သားလေးကို ၀၁၊၀၁၊၂၀၀၈ရက်နှေ့စ်သစ်မှာ မွေးဖွားပေးခဲ့တယ်။ကျွန်တော်လောက်ပျော်ရမယ့်လူရှိမယ်မထင်ဘူးဗျ။ ဆွေ့ကိုကျေးဇူးလဲအရမ်းတင်မိတယ်။
ဒီလိုနဲ့ သားလေးနှစ်ဆယ့်ငါးရက်ပြည့်တဲ့အချိန်မှာပဲ နိုင်ငံခြားကိုထွက်လာခဲ့ရတယ်။သားလေးအတွက် ချစ်ရတဲ့ဆွေ ချစ်ဇနီးလေးမျက်နှာမငယ်စေဖို့အတွက်ပေါ့။ရင်နာနာနဲ့ပဲအချိန်တွေကိုကုန်လွန်စေခဲ့တယ်။လုပ်သက် ၂နှစ်ပြည့်လို့ ခွင်နဲ့ပြန်သွားရချိန်မှာတော့ သားလေးက စကားကောင်းကောင်းတောင်ပြောတက်နေပြီလေ။သိပ်မကြာခင်အချိန်မှာပဲ နောက်တကြိမ်ထပ်မံခွဲခွာခဲ့ရပြန်တယ်။ခဒီလိုနဲ့ ချစ်သူကိုအနားမှာရှိစေချင်တာကြောင့် ကျွန်တော်ရှိတဲ့ နေရာကို အေ၇ာက်လာခဲ့ဖို့ ခေါ်မိလိုက်တယ်။ပျော်ရွှင်စရာတွေရှိမယ်လို့ထင်ထားခဲ့တဲ့ခရီးလမ်းက ထင်သလိုဖြစ်မလာခဲ့ဘူး။အဆင်မပြေမှု့တွေကြားထဲမှာ ချစ်ရတဲ့ဆွေ စိတ်ဆင်းရဲခဲ့ရတယ်။မာယာများတဲ့ လောကကြီးထဲမှာ ချစ်သူကိုလွက်မြောက်စေချင်မိတယ်။နောက်ဆုံးတော့ မအောင်မြင်တဲ့လမ်းပေါ်ကနေ ဆွေတယောက်အမိမြန်မာပြည်ကိုပြန်သွားခဲ့ရတယ်။ကိုဝမ်းသာပါတယ်။ ဆွေ့ကို စိတ်ညစ်မှု့တွေကနေ လွက်ညိမ်းစေလို့လေ။လွမ်းဆွက်ရင်းနဲ့ပဲ ကျွန်တော်လဲ ပြန်ရတော့မယ့် ရက်က နီးသထက်နီးလို့လာခဲ့ပြီလေ။
တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေထဲမှာ ရရှိလိုက်တာက စစ်မှန်တဲ့ အချစ်တွေပဲ။
ကိုပြန်လာမယ့်နေ့ရက်ကိုစောင့်မျှော်နေပါတော့ချစ်သူရယ်
အရမ်းချစ်တယ်နော်
တသက်လုံး သက်ဆုံးတိုင်ချစ်နေမှာပါ
Popular Posts
-
မိန်းကလေးတွေ ရဲ့ စိတ်ခံစားမှုလေးတွေကို ရေးသားထားတာလေးတွေပါ … ကောင်းပါတယ် ယောက်ျားလေး ချစ်သူတွေအတွက် နားလည်မှုရစေတာပေါ့ ယောက်ျားလေးတွေမှာေ...
-
ငါက ငါ့ရဲ့ခံစားချက်ကိုဖုံးကွယ် ဆန္ဒကိုမျိုသိပ်လို့ ရပ်ဝေးနေရာ တိုင်းတပါးမှာ ငွေရှာနေတာ အားလုံးမင်းအတွက်ကြောင့်ပါ။ ကန္တာရထဲ ခရီးသွားနေရသလို မိသ...
-
အလွမ်းတွေကို ရင်ဝယ်ပိုက်ပြီး မျှော်လင့်ချက်တွေများစွာနဲ့ ကိုကြိုးစားပြီး ကျော်ဖြက်နေဆဲပါဆွေရယ်... အကောင်းဆုံးတွေကိုသာ ပေးချင်ခဲ့တာပါ အဲ့ဒီ့အ...
-
"ဝုန်း"ခနဲ လဲပြိုကျသံနဲ့ကို ကျွန်တော်၏ဘေးမှာ ရုတ်တရက်ကြားလိုက်ရတော့ ဘေးကိုကြည့်လိုက်မိတယ်။မြင်လိုက်တာက ကောင်မလေးတယောက် လဲကျနေတယ်လေ...
-
အမေစု ရဲ့ ဓါတ်ပုံကိုတွေ့လိုက်တိုင်း အလိုလိုနေရင်းဝမ်းနည်းမိတယ်..... ခင်ဗျားတို့ အားလုံးကော ဖြစ်ဖူးလား..............
-
ကောင်မလေးရေ မင်းကိုတမ်းတမိတဲ့ ကို့စိတ်ကို နေ့စဉ်နှင့်အမျှ တားဆီးမရနိုင်အောင်ပါပဲကွာ.... စိတ်ကူးတိုင်းသာ ဖြစ်ခဲ့မယ်ဆိုရင် ကိုနဲ့မင်း ခုလိုဝေး...
-
ချစ်ရသူရယ် ကို့ရဲ့အလွမ်းတွေကို သိစေချင်တယ်.. ချစ်ရသူရယ် ခြောက်သွေ့ခြင်းရဲ့ ဂုဏ်သတ္တိတွေကို နားလည်ရဲ့လားကွာ.. ခဏတာဆိုတဲ့ အချိန်ကာလဟာ ကို့အတွက်...
-
လမင်းလေးရေ ကိုဟာ မင်းထွက်ပေါ်မယ့်အချိန်ကို မှောင်မိုက်ခြင်းတွေထဲ စောင့်မျှော်နေမယ်ဆိုတာ လမင်းလေးသိချင်စေချင်တယ် မင်းရဲ့ အလင်းရောင်နဲ့ တောက်ပခ...
-
ငါလေအခုအချိန်ထိတိုင်အောင်မင်းမျက်ဝန်းတွေကိုသတိရနေတယ် ငါအခုမင်းကိုသတိရနေတယ် ဆွေရယ် လိုတိုင်းရနိုင်ရင် မင်းကိုအနားမှာရှိစေချင်တယ်လေ မင်းကိုသတိ...
-
တိတ်ဆိတ်တဲ့ ည အေးစက်တဲ့ ကောင်းကင် အလွမ်းတွေနဲ့ပြည့်နေတဲ့ ကို့ရင်မှာ မင်းကိုလွမ်းဆွက်မှု့တွေနဲ့ အတိတ်တွေကို လွမ်းမောရင်းနဲ့ ပြန်ဆုံမယ့်နေ့ရက်...
No comments:
Post a Comment