Popular Posts

Saturday, September 18, 2010

ရုပ်လှစရာမလို အနေလှဖို့သာလို

မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ "ရေ" ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။ မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့်တယ်။

နိုင်းနိုင်းစနေမှ

Wednesday, September 8, 2010

ဖြစ်ရပ်မှန်လေးတခု

"ဝုန်း"ခနဲ လဲပြိုကျသံနဲ့ကို ကျွန်တော်၏ဘေးမှာ ရုတ်တရက်ကြားလိုက်ရတော့ ဘေးကိုကြည့်လိုက်မိတယ်။မြင်လိုက်တာက ကောင်မလေးတယောက် လဲကျနေတယ်လေ။ တခြားလူတွေကိုလဲ မတွေ့ရဘူး။ အဆောင်ရဲ့ လှေကား အလယ်တည့်၂မှာ ဖြစ်တာကြောင့် ကျွန်တော်လဲ ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိပဲ ထူပူသွားတယ်။ သူ့ကို မေးကြည့်တော့ " ဟို ..မတ်တပ်ရပ်နိုင်ရဲ့လား" ဆိုတော့ ကြိုးစားပြီးရပ်ကြည့်ရှာတယ်။ မရပါဘူးဗျာ။ဘယ်ဖက်ခြေထောက်မှာက အရိုးကြီးတောင် ငေါ်ထွက်နေတယ်လေ။
အဲ့ဒါနဲ့ သူ့ကိုတွဲပြီး ကျောင်းကားတွေဆီလိုက်ပို့ခဲ့ ရတယ်။နောက်နေ့ရောက်တော့ ရှာကြည့်မိတယ်။
မတွေ့ရဘူး။မေးကြည့်တော့ ကျောင်းမတက်နိုင်သေးဘူးတဲ့။ဘာရယ်မဟုက်ပါပဲ သူမအတွက်ကျွန်တော်စိတ်ပူနေမိတယ်။ကျွန်တော့်ရဲ့မျက်ဝန်းထဲကနေ သူမက အမြဲရှိနေတော့တယ်။နောက်နေ့တွေတွေ့တော့ စိုးရိမ်တကြီး မေးမိတာပေါ့။သက်သာတယ်ကြားရတော့ အလိုလိုစိတ်အေးသွားမိတယ်။အတန်းထဲရောက်တော့လဲ သူ့ကိုပဲရှာနေမိတယ်။သူကရန်ကုန်သူ ကျွန်တော်က နယ်က။ရန်ကုန်သူတွေကိုတော့ကြောက်တယ်လေ။ အဲ့ဒီအချိန်မှာ ဘူမိကကောင်မလေးနဲ့က ရီးစားဖြစ်နေသေးတယ် ဟဲဟဲ။ မချစ်ဘူးလို့ပြောရင် အားနားတယ်ဗျာ။သူက ကျွန်တော်ရဲ့အနွံအတာကို အရမ်းခံတယ်လေ။ကျွန်တော်က ဂရုစိုက်မှု့ကိုခံချင်တဲ့လူဆိုတော့ ရီစားဖြစ်လုက်တာ။အမှန်ပြောရရင် ဘာခံစားချက်မှကိုမရှိတာ။ အဲမေ့နေတယ်။ချော်လဲတဲ့ကောင်မလေးက ဆွေလို့ခေါ်တယ်လေ။
ပထမနှစ် ပထမနှစ်ဝက်မှာ စာမေးပွဲတွေကျတယ်ဗျာ။လေလွင်နေလို့လေ။အဲ့ဒီ့မှာတင် ကျွန်တော်ရဲ့နတ်သမီးလေးက ကျွန်တော်ကို စာပြပေးတော့တယ်။စာပြပေးနေချိန်မှာလဲ သူ့မျက်နှာလေးကိုခိုးကြည့်မိတယ်။သူနဲ့ကိုယ်က ဘာမှမဆိုင်ဘဲကိုးဗျ။သူ့ရဲ့ဂရုစိုက်မှု့တွေက ကျွန်တော့်နှလုံးသားကို ရိုက်ခက်လာခဲ့တယ်။သူ့ရဲ့ကျေးဇူးကြောင့် စာမေးပွဲတွေကိုအောင်မြင်စွာနဲ့ဖြတ်ကျော်လာနိုင်ခဲ့တယ်။သူနဲ့တွေပြီး လမ်းခွဲခဲ့စဉ်တိုင်းမှာ သူနဲ့ထပ်မံတွေ့ဆုံချင်တဲ့စိတ်တွေ ဖြစ်ပေါ်စေတယ်လေ။သူ့ကိုချစ်နေပြီဆိုတာ ကို့ကိုယ်ကို သိလိုက်ရချိန်မှာတော့ ဆုံးဖြတ်ချက်တခုကို ပြတ်၂သား၂ချလိုက်တော့တယ်။ဘူမိကကောင်မလေးကို အဆက်အသွယ်ဖြတ်ဖို့ပေါ့။ကျွန်တော်အဲ့ကောင်မလေးကိုလဲ ဆက်မညာချင်တော့ဘူး။ကျွန်တော့်ကိုယ် ကျွန်တော်လဲ မညာချင်တော့လို့လေ။ကျွန်တော် ဆွေ့ကိုဖွင့်ပြောဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့တယ်။ဆွေရဲ့ ငြင်းပယ်ခံရတဲ့ လူလဲမဖြစ်ချင်ဘူးလေ။နောက်ပြီး သူက ကျွန်တော့်ကို ချစ်မချစ်မှမသိတာ။ကြံရာမရတဲ့အဆုံးမှာ စာလေးနှစ်စောင်ရေးပြီး စာအုပ်ကြားထဲညှပ်ထားလိုက်တယ်။ကျောင်းရောက်တော့ ရင်တွေတုန်နေတယ်လေ။တကယ်ပြောတာ။ထိုင်နေကျ သီအေတာ တူးမှာစောင့်နေမိတယ်။ဟော့ သူရောက်လာတယ်။ မိန်းခလေးအများစုက မသိစေချင်တဲ့အရာတခုကို သိပ်သိချင်တက်မှန်း ကျွန်တော်လေ့လာဖူးတယ်။စာရွက်ခေါက်လေးကို သူမြင်သာအောင်ကျသွားအောင်လုပ်လိုက်တော့ ထင်ထားတဲ့အတိုင်းလုဖတ်ပါလေရော။ ရင်ခုန်လိုက်တာဗျာ။သူနဲ့မျက်နှချင်းကိုမဆိုင်ရဲတော့ဘူး။တခြားတဖက်ကိုပြေးထွက်ခဲ့တယ်။သူငယ်ချင်းတွေရောက်လာတော့ မေးကြတယ် သူတို့က ဘာဖြစ်တာလဲတဲ့။ကျွန်တော်လဲ အမှန်အတိုင်းပဲ စာပေးလိုက်တယ်လို့ပြောတော့ သူတို့တွေက ဝိုင်းလှော်ပေးကြပါတယ်။ဒီလိုနဲ့ပဲ သီရေတာ ဝမ်းထဲမှာ အတန်းပြီးတော့ ကျောင်းသားတော်တော်များများထွက်သွားပြီးတဲ့အချိန်မှာ သူကထွက်မသွားသေးဘူး။ကျွန်တော်က သူ့နောက်ခုံမှာ ထိုင်နေတာလေ နှစ်ခုံကျော်လောက်မှာပေါ့။နောင်ဆုံး ကျွန်တော်က ဘယ်မှမသွားဖူးလားလို့မေးတော့ထိုင်ဦးမယ်လို့ပြောတယ်။ ကျွန်တော်လဲ ဆေးလိပ်တွေတလိပ်ပြီးတလိပ် သောက်နေမိတယ်။သူကပြောတယ်။မီးခိုးခေါင်းတိုင်ကြနေတာပဲတဲ့။ဖတ်လက်စနဲ့ ကျန်တဲ့တစောင်ဘယ်မှာလဲ မေးတော့ ကျွန်တော်လေ တော်တော်ဝမ်းသာသွားတယ်။မျှော်လင့်ချက်ရှိပြီဆိုတာသိလိုက်ရတော့။
ဒီလိုနဲ့ပဲ အချိန်တွေကုန်လာတာ သူ့ဆီကအဖြေပြန်ရတဲ့နေ့လေးကိုရောက်လာခဲ့တယ်။အတန်းချိန်ပြီးတော့ စာသင်ခန်းတခန်းမှာ သူနဲ့ကျွန်တော်သွားထိုင်ရင် ကျွန်တော့်ရဲ့လက်ဖဝါးမှာ ချစ်တယ်လို့စာရေးပေးတယ်ဗျာ။ပျော်လိုက်တာ။ အဲ့ဒီလိုနဲ့ပဲ ကျွန်တော်တို့တွေချစ်သူဘဝရောက်ခဲ့တယ်။ ကျောင်းရောက်ရင် ချစ်သူကိုမျှော်ရတဲ့ တာဝန်ကိုယူခဲ့ပြီး အိမ်ပြန်ချိန်ရောက်တော့ အလွမ်းတွေနဲ့ခွဲခွာရပြန်တယ်လေ။သူနဲ့မခွဲခွာနိုင်လောက်အောင်ချစ်မိနေပြီဆိုတာ သိလိုက်ချိန်မှာတော့ သူ့လက်ကိုဆွဲပြီး ကမ္ဘာလေးတခုတည်ဆောက်ခဲ့တယ်။ ချစ်သူဆွေက နားလည်မှု့တွေနဲ့ တောင်းဆိုမှု့တစိုးတစဉ်မှ မရှိပဲ အေးအတူပူအမျှ နေထိုင်လာခဲ့တာ ။ဒီလိုနဲ့ ပဲနိုင်ငံခြားကိုသွားမယ်လို့ဆုံးဖြတ်ချက်ချပြီး သင်တန်းတွေကျွန်တော်တက်ခဲ့တယ်။ကျွန်တော်တို့ ဆည်လည်းလေးတခုအကြောင်းတိုင်ပင်ခဲ့တယ်။ချစ်သူဆွေက ချစ်စရာအကောင်းဆုံး ဆည်းလည်းလေးကို ကျွန်တော်အတွက်ကြိုးစားခဲ့တယ်။သားလေးကို ၀၁၊၀၁၊၂၀၀၈ရက်နှေ့စ်သစ်မှာ မွေးဖွားပေးခဲ့တယ်။ကျွန်တော်လောက်ပျော်ရမယ့်လူရှိမယ်မထင်ဘူးဗျ။ ဆွေ့ကိုကျေးဇူးလဲအရမ်းတင်မိတယ်။
ဒီလိုနဲ့ သားလေးနှစ်ဆယ့်ငါးရက်ပြည့်တဲ့အချိန်မှာပဲ နိုင်ငံခြားကိုထွက်လာခဲ့ရတယ်။သားလေးအတွက် ချစ်ရတဲ့ဆွေ ချစ်ဇနီးလေးမျက်နှာမငယ်စေဖို့အတွက်ပေါ့။ရင်နာနာနဲ့ပဲအချိန်တွေကိုကုန်လွန်စေခဲ့တယ်။လုပ်သက် ၂နှစ်ပြည့်လို့ ခွင်နဲ့ပြန်သွားရချိန်မှာတော့ သားလေးက စကားကောင်းကောင်းတောင်ပြောတက်နေပြီလေ။သိပ်မကြာခင်အချိန်မှာပဲ နောက်တကြိမ်ထပ်မံခွဲခွာခဲ့ရပြန်တယ်။ခဒီလိုနဲ့ ချစ်သူကိုအနားမှာရှိစေချင်တာကြောင့် ကျွန်တော်ရှိတဲ့ နေရာကို အေ၇ာက်လာခဲ့ဖို့ ခေါ်မိလိုက်တယ်။ပျော်ရွှင်စရာတွေရှိမယ်လို့ထင်ထားခဲ့တဲ့ခရီးလမ်းက ထင်သလိုဖြစ်မလာခဲ့ဘူး။အဆင်မပြေမှု့တွေကြားထဲမှာ ချစ်ရတဲ့ဆွေ စိတ်ဆင်းရဲခဲ့ရတယ်။မာယာများတဲ့ လောကကြီးထဲမှာ ချစ်သူကိုလွက်မြောက်စေချင်မိတယ်။နောက်ဆုံးတော့ မအောင်မြင်တဲ့လမ်းပေါ်ကနေ ဆွေတယောက်အမိမြန်မာပြည်ကိုပြန်သွားခဲ့ရတယ်။ကိုဝမ်းသာပါတယ်။ ဆွေ့ကို စိတ်ညစ်မှု့တွေကနေ လွက်ညိမ်းစေလို့လေ။လွမ်းဆွက်ရင်းနဲ့ပဲ ကျွန်တော်လဲ ပြန်ရတော့မယ့် ရက်က နီးသထက်နီးလို့လာခဲ့ပြီလေ။
တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေထဲမှာ ရရှိလိုက်တာက စစ်မှန်တဲ့ အချစ်တွေပဲ။



ကိုပြန်လာမယ့်နေ့ရက်ကိုစောင့်မျှော်နေပါတော့ချစ်သူရယ်



အရမ်းချစ်တယ်နော်

တသက်လုံး သက်ဆုံးတိုင်ချစ်နေမှာပါ