
မှောင်မိုက်တဲ့ အခန်းကျဉ်းလေးထဲမှာ
လက်ဆက်မှု့ကင်းမဲ့တဲ့ လေကိုရှူရှိုက်ရင်းနဲ့
ငါရှင်သန်နေရတယ် ချစ်သူရယ်
ကို့အနားကနေမင်းပျောက်ကွယ်သွားမှု့တွေဟာ
ကို့ဘဝကို ဆုံးရှုံးမှု့တွေ အနှိုင်းအဆမဲ့ ဖြစ်ပေါ်စေတယ်လေ
လောကကြီးကို နာကျည်းချက်တွေနဲ့ရှင်သန်နေရတဲ့
ကို့ရင်ထဲကို လမင်းလေးမြင်စေချင်တယ်လေ
လောကြီးထဲမှာ ခြောက်သွေ့ခြင်းတွေ
ခါးသည်းမှု့တွေကို ပိုင်ဆိုင်ရင်းနဲ့
ကျော်ဖြတ်နေရတာ ကို့အတွက်တော့
ခြောက်ခြားတုန်လှုပ်ရတာ အချိန်နှင့်အမျှပါပဲ
ဖြစ်နိုင်ရင် အရှိန်ပြင်းတဲ့ရေတံခွန်အောက်မှာ
ကိုနှလုံးသားကိုထုတ်ပြီး
မင်းကိုအနှိုင်းမဲ့ချစ်တဲ့ ကို့အချစ်တွေကို
ရေလှိုင်းနဲ့အတူ ဆေးကြောပစ်လိုက်ချင်ပါတယ်
မင်းကိုအချိန်တိုင်းသတိရနေမိတဲ့စိတ်
အထီးကျန်ခြင်းတွေဖြစ်ပေါ်စေနဲ့ စိတ်တွေကို
နိဂုံးချုပ်အဆုံးသက်လိုက်ချင်ပြီလေ
လောကြီးမှာ မတည်မြဲတဲ့သဘောတရားရှိပေမယ့်
ဘာ့ကြောင့်များ ကို့ရင် နှလုံးသားထဲမှာ
မင်းက စိုးမိုးကျွင်းကျန်နေတာလဲဆိုတဲ့
မေးခွန်းကို လမင်းလေးဖြေပေးနိုင်မလား
ချစ်ခြင်းတွေနဲ့လွှမ်းခြုံခဲ့တဲ့ ကိုနဲ့မင်းရဲ့ကမ္ဘာလေးမှာ
လေပူတွေပြေးပြီး နှင်းငွေ့လွှမ်းမယ့်နေ့လေးကို စောင့်မျှော်ရင်းနဲ့
ဝေးကွာလှတဲ့ တမြေဆီမှာ ခြေလှမ်းတွေကိုအားတင်းရင်း
လျှောက်လှမ်းနေဦးမှာပါ..........................................
ရင်တွင်းဖြစ်(ရဲလေး)