Popular Posts

Friday, May 7, 2010

အမှန်ဆုံးစကားတခွန်း

ငါဟာ တိမ်တိုက်လေးဆိုရင်
မင်းရှိရာနောက် အရိပ်လေးအဖြစ်နဲ့
တကောက်ကောက်လိုက်ချင်တာ...
ငါဟာ မိုးစက်လေးတွေဆိုရင်
မင်းတယောက်တည်းအတွက်
ရွာသွန်းပေးလိုက်ချင်မိတာ....
အဲ့သလိုပဲ
မင်းပျော်မယ်ဆို
ငါ့ရဲ့ ဘဝကို မင်းအတွက်နဲ့
စတေးခံ ပေးဆပ်သွားမှာပါ
ကောင်မလေးရယ်
ဒါတွေဟာ မင်းကိုအရမ်းချစ်တဲ့
ငါ့ရဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေပါကွာ
မင်းပျော်ရင် ငါကျေနပ်ပါတယ်...
ငါ့ရဲ့ ပေးဆပ်မှု့တွေ နာကျင်မှု့တွေကို
မင်းရဲ့ ပျော်ရွှင်မှု့တွေနဲ့
အမြဲလဲလှယ်သွားမှာပါကွာ....

ချစ်သူအမြဲပျော်ရွှင်နိုင်ပါစေကွယ်...

အချစ်ဆိုတာ ခက်ခဲတာလား

အချစ်ဆိုတာ အရမ်းခက်ခဲလွန်းလှတယ်
ကို့အတွက်တော့ မင်းနဲ့ဆုံဆည်းဖို့ ကြိုးစားရင်းနဲ့
အဝေးဆုံးကို လွင့်မျောခဲ့ရတယ် ချစ်သူရယ်.....
ကိုဟာ မင်းကလွဲပြီး ဘာကိုမှ တန်ဖိုးမထားတက်သူပါ
ကို့ရဲ့ အချစ်တွေကို စာစီကုံးပြီး ကဗျာတွေ ရေးဖွဲ့မယ်ဆိုရင်
စာမျက်နှာတွေ ကုန်ဆုံးသွားလိမ့်မယ်နော်
ကိုဟာ ရင်ထဲကနေ မင်းကို ကြိမ်ဖန်များစွာ
အော်ခေါ်နေပေမယ့် မင်းမှမကြားနိုင်ပဲနော်
တခါတလေ ကိုလဲ တကိုယ်ကောင်းစိတ်ထားပြီး
မင်းတို့အနားကို ချက်ချင်းပြန်လာခဲ့ချင်တာ
ဒါပေမယ့် ချစ်ရသူရယ်
ကိုယ့်ရဲ့ခြေလှမ်းတွေက မင်းအတွက်လို့
စဉ်းစားလိုက်တိုင်း တုံ့နှေးခဲ့ရတယ်လေ
ကိုလေ မင်းအတွက်နဲ့ ခရီးတွေဆက်လျှောက်သွားရဦးမှာပေါ့
မင်းကို ကိုက ချစ်ခဲ့မိတာကြောင့်လေ......