Popular Posts

Friday, May 7, 2010

အမှန်ဆုံးစကားတခွန်း

ငါဟာ တိမ်တိုက်လေးဆိုရင်
မင်းရှိရာနောက် အရိပ်လေးအဖြစ်နဲ့
တကောက်ကောက်လိုက်ချင်တာ...
ငါဟာ မိုးစက်လေးတွေဆိုရင်
မင်းတယောက်တည်းအတွက်
ရွာသွန်းပေးလိုက်ချင်မိတာ....
အဲ့သလိုပဲ
မင်းပျော်မယ်ဆို
ငါ့ရဲ့ ဘဝကို မင်းအတွက်နဲ့
စတေးခံ ပေးဆပ်သွားမှာပါ
ကောင်မလေးရယ်
ဒါတွေဟာ မင်းကိုအရမ်းချစ်တဲ့
ငါ့ရဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေပါကွာ
မင်းပျော်ရင် ငါကျေနပ်ပါတယ်...
ငါ့ရဲ့ ပေးဆပ်မှု့တွေ နာကျင်မှု့တွေကို
မင်းရဲ့ ပျော်ရွှင်မှု့တွေနဲ့
အမြဲလဲလှယ်သွားမှာပါကွာ....

ချစ်သူအမြဲပျော်ရွှင်နိုင်ပါစေကွယ်...

No comments:

Post a Comment