Popular Posts

Thursday, April 8, 2010

အိန္ဒိယနိုင်ငံမှ ဆက်လက်ကြီးထွားနေသော သက်ရှိတံတား



ယနေ့လို ခေတ်ကြီးထဲမှာ ကိရိယာ တန်ဆာပလာမပါပဲနဲ့ လူတွေအတွက် အသေးငယ်ဆုံး တံတားလေးတစ်ခု တည်ဆောက်မယ်ဆိုရင်တောင်မှ လွယ်ကူလှတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး ။
သဘာဝတရားကြီးက ကျွန်တော်တို့ကို အံ့သြဖွယ်ရာတွေ ဆောင်ယူလာပေးပါတယ် ။
အိန္ဒိယနိုင်ငံမှ မိုးသစ်တောတွေထဲမှာ သဘာဝအလျောက်ရှင်သန်ကြီးထွားနေတဲ့
တံတားတစ်စင်းကို ဖော်ပြပေးလိုက်ပါတယ် ။







အိန္ဒိယမှ Cherraphunji , Meghalaya မှာ သဘာဝအလျောက် ရှင်သန်ကြီးထွားနေတဲ့ သက်ရှိတံတားရဲ့ ပုံတွေကို သင်တွေ့မြင်နိုင်ပါတယ် ။ Ficus elastica
ဆိုတာကတော့ သဘာဝအလျောက် ဒုတိယအမြစ် (secondary roots) တွေကို ပွားများစေတဲ့
အပင်တစ်မျိုး ဖြစ်ပြီး အဲဒီအပင်တွေ စုပေါင်းခြင်းအားဖြင့် တံတားတစ်စင်း
ဖြစ်ပေါ်နေတာကို အံ့သြဖွယ်ရာ တွေ့မြင်ရပါလိမ့်မယ် ။ အချို့သော
လူမျိုးစုတွေဟာ မိုးရသီ ရေလွှမ်းမှုတွေနဲ့ ကြုံတွေရတဲ့အခါ ဒီအပင်တွေကို
အသုံးပြုပြီး တကယ့်တံတား ဖြစ်အောင်လည်း ပြုလုပ်ကြပါသေးတယ်

No comments:

Post a Comment